Aug 2, 2007

အကယ်ရွေ့

အကယ်၍သာ ကို်ယ့်ကို ဒေါ်လာတစ်သန်းပေးမယ်ဆိုရင်....

ပထမဆုံး ပုလဲ ကွန်ဒိုမှာ တိုက်ခန်း တစ်ခန်း ၀ယ်မယ်။ အဲ့ဒီတိုက်ခန်းက မပြင်ဆင် ရသေးတဲ့ အခန်း... အဲ့ဒါကို ကိုယ်ကြိုက် သလို decoration လုပ်မယ်။ walk-in-closet ကြီးလည်း လုပ်မယ်။ Bathroom ကိုလည်း လှလှပပ ခမ်းခမ်းနားနား လုပ်မယ်။ ပြီးတော့ စပိုင်ချစ်သူ ကားထဲက ဒန်းနစ်(စ်)ရဲ့ အိပ်ခန်းလိုမျိုး နံရံမှာ တီဗွီကြီး ထားမယ်။ မီးဖိုချောင်ကို Witch Yoo-hee ထဲက မီးဖိုချောင်လိုမျိုး လုပ်မယ်။ တကယ့်ကို နေချင်စရာ တိုက်ခန်းလေးပဲ။

ဒါကတော့ လုပ်ချင်တာ တစ်ခုပေါ့။ နောက်တစ်ခု ကတော့ အင်္ဂလန်ကို ၁လလောက် အလည်သွားမယ်။ အမေရိကားကို ၁လလောက် အလည် ပြန်သွားမယ်။ (ဒီစီမှာ လတစ်ဝက်၊ ၀ါရှင်တန် ပြည်နယ်က သူငယ်ချင်းစီမှာ လတစ်ဝက်) နည်းသေးသလား မသိဘူး... ဒါမှမဟုတ် ၂လနေမယ်။ နောက်ပြီး ကိုရီးယားကို ၁လ သွားလည်ပြီး ဂျယ်ဂျူးကျွန်းကို ရောက်အောင် သွားမယ်။ ပြီးတော့ ဟာဝိုင်ယီကို တစ်ပတ် သွားမယ်။ ပြီးတော့ တောင်အမေရိကတိုက်၊ ပီရူးနိုင်ငံ က အင်ဒီးစ် တောင်တန်း ပေါ်မှာ ရှိတဲ့ Macchu Picchu ကို သွားလည်မယ်။ အဲ့ဒီ ခရီးတွေမှာ ဓာတ်ပုံတွေ တစ်လြှေကီးရိုက်ပြီး "dawn1o9 ခရီးသွားနေသည်" ဆိုပြီး documentary လုပ်မယ်။

နောက်လုပ်ချင်တာ တစ်ခုက နိုင်ငံခြားမှာ ပညာသွားသင်ပြီး မာစတာဘွဲ့ တစ်ခု ယူမယ်။ ကျွန်မ စိတ်ဝင်စားတဲ့ ဘာသာက နိုင်ငံတကာ ဆက်ဆံရေး။ ဒါပေမယ့် အဲ့ဒါက အလုပ်မဖြစ်ရင်တော့ စီမံအုပ်ချုပ်ရေးနဲ့ ပတ်သတ်တဲ့ ဘွဲ့တစ်ခုခု ယူချင်တယ်။

ပြီးတော့ ရန်ကုန်မှာ စီးဖို့ ကားတစ်စီးဝယ်မယ်။ ကားက အရမ်းကြီး စျေးကြီးစရာ မလိုပါဘူး။ chic ဖြစ်ရင ်တော်ပါပြီ။

ကျွန်မက စီးပွားရေးမျက်စိ သိပ်မရှိဘူး။ ဒါပေမယ့် စာအုပ်ဆိုင်လေး တစ်ခု ဖွင့်ချင်တယ်။ (တစ်ခါက ပုဂံဖော်ရမ် ်မှာလည်း ပြောဖူးပါတယ်။) Borders လိုမျိုး စာအုပ်ဆိုင်လေးပါ။ ကော်ဖီဆိုင်လေးပါ တွဲဖွင့်ချင်တယ်။ အဲ့ဒီမှာ စာအုပ်တွေကို မဝယ်လို့ ထိုင်ဖတ်ချင်လည်း ရတယ်။ နေရာလေးတွေ လုပ်ပေးထားမယ်။

ကျွန်မ လုပ်ချင်တာတွေ ဒေါ်လာတစ်သန်းနဲ့ လောက်ပါ့မလား မသိဘူး။ ရပါတယ်... ဒေါ်လာတစ်သန်း မယူချင်တဲ့ လူတွေ ကျွန်မကိုသာ လာပေးလိုက်... :D

-+-+-

ဒါလေးက နေးတေ့ဗ် မြန်မာမှာ တင်မယ်ဆိုပြီး ရေးထားပြီး မတင်ဖြစ်တဲ့ စာလေးပါ။

2 comments:

Anonymous said...

Even thou u tagged it as humor, i have to admit i had similar dreams like that. Especially the bookstore idea.... one day, hopefully, our dreams will come true. :)

အရုဏ်ဦး said...

thanks Mr/Ms A :) I hope that too. I have written this in 2007, but almost all of it still holds true, and now, there's a lot more to add too. :D