Jul 3, 2007

Dreaming of You

ကမ္ဘာတစ်ခုလုံး အိပ်မောကျနေတဲ့အချိန်မှာ
ကိုယ်ကတော့ မအိပ်ပဲ မင်းအကြောင်းတွေ တွေးနေမိတယ်
တစ်နေရာရာမှ ရှိနေတဲ့မင်း ကိုယ့်အကြောင်းတွေးနေပါစေလို့
ကြယ်တွေကိုကြည့်ပြီး ဆုတောင်းမိတယ်..

ကိုယ်ဒီညမင်းအကြောင်းအိပ်မက်မက်နေတယ်...
မနက်ရောက်တဲ့အထိ မင်းကို ထွေးပွေ့ထားမယ်
ကိုယ်တစ်ခြားနေရာတွေမှာ ရှိမနေချင်ပါဘူး
ကိုယ့်အခန်းထဲမှာပဲ မင်းနဲ့ကိုယ်တို့ရဲ့အကြောင်းတွေ စိတ်ကူးယဉ်ချင်တယ်

တစ်ခါတစ်လေကိုယ်စဉ်းစားမိတယ်
မင်းကိုယ့်ကိုရော တွေ့ရဲ့လား.. ဒါမှမဟုတ် ကိုယ်ရှိနေမှန်းရော သိရဲ့လား
မင်းကိုယ့်ရဲ့မျက်လုံးတွေထဲကြည့်ရင် ကိုယ့်စိတ်ထဲမှာ ဘာတွေရှိနေမယ်ဆိုတာသိရဲ့လား
ဒါမှမဟုတ် သိပေမယ့်လည်း ဂရုမစိုက်ဘူးလား

မင်းကို ကိုယ့်ရဲ့ရင်ခွင်ထဲမှာပဲ ထွေးပွေ့ထားချင်တယ်
ဒါပေမယ့် အခုတော့ မင်းအကြောင်းစိတ်ကူးယဉ်ဖို့ပဲ တတ်နိုင်တယ်
ဒါကြောင့် ကိုယ် မင်းကို ဘယ်လောက်ချစ်တဲ့အကြောင်းပြောရဲနိုင်မယ့်နေ့
အဲဒီ့နေ့ကို စောင့်နေတယ်

Chorus

အချစ်လေး...
မင်းအကြောင်းတွေပဲ ကိုယ်စဉ်းစားနေမိတယ်
မင်းဟာ ကိုယ့်အတွက်အလိုအပ်ဆုံးပဲ
အချစ်လေး.. မင်းကို အရမ်းလွမ်းတယ်

ကမ္ဘာတစ်ခုလုံး အိပ်မောကျနေတဲ့အချိန်မှာ
ကိုယ်ကတော့ မအိပ်ပဲ မင်းအကြောင်းတွေ တွေးနေမိတယ်
အခုထက်ထိ ကိုယ်မယုံနိုင်သေးဘူး
မင်းကိုယ့်ဆီကိုလာပြီး ချစ်တယ်လို့ ပြောသွားတယ်
မင်းကို ကိုယ်ကလည်း ချစ်ပါတယ်

အခု မင်းနဲ့အတူ အိပ်မက်မက်နေတယ်
မနက်လင်းတဲ့အထိနဲ့ နောက်ကိုယ့်ရဲ့တစ်ဘဝလုံးအထိပဲ
မင်းနဲ့အတူ အိပ်မက်မက်နေမယ့် ဒီအခန်းထဲကလွဲပြီး
တစ်ခြားနေရာတွေမှာ ကိုယ်မရှိချင်ပါဘူး
-+-+-+-

ကျွန်မအရမ်းကြိုက်တဲ့သီချင်းတစ်ပုဒ်ဖြစ်တဲ့ Selena ရဲ့ Dreaming of You ကို ဘာသာပြန်ထားတာပါ။ ဘာသာပြန်တာမကောင်းရင်လည်း သည်းခံပြီး ဖတ်ကြပါ။

No comments: