ယနေ့ မြန်မာနိုင်ငံ အစိုးရမှ ခွဲတမ်းကျ ရာရှင်နဲ့ ထုတ်ပေးတဲ့ ဓာတ်ဆီ ၊ ဒီဇယ် စျေးနှုန်းတွေ မြင့်တက်သွား ပါတယ်။ မနေ့ညက ၁၂းဝ၀ ကျမှ ဆိုင်တွေက ပြောင်းမယ့်အကြောင်း သိရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဓာတ်ဆီဆိုင်တွေမှာ ဆိုင်းဘုတ်လေးတွေပေါ်မှ လိုက်ရေးရကြောင်း ကြားပါတယ်။
ဒီမနက် နံနက်စာ စားနေချိန်မှာ ကျွန်မအဖေက မနက်က ဓာတ်ဆီသွားထုတ်တာ ပိုက်ဆံမလောက်လို့ ၄ဂါလံပဲထည့်လာတယ်လို့ ပြောပါတယ်။ အင်း ဓာတ်ဆီစျေးတက်တော့ ကုန်စျေးနှုန်းတွေ တက်ဦးမှာပဲလို့ ကျွန်မတွေးမိပါတယ်။ စားပြီးတော့ ရုံးသွားဖို့ ဘက်စ်ကား မှတ်တိုင်ကို ထွက်လာပါတယ်။ ၃၉ ဘက်စ်ကား အဝါတွေ တစ်စီးပြီး တစ်စီး ကျိုက္ကဆံဘက်ကို ထွက်သွားတာ တွေ့ပါတယ်။ ကျွန်မတောင် စဉ်းစားမိလိုက်သေးတယ် ... `အင်း ဒီဘက်စ်တွေ အခုမှ ဘာသွားလုပ် ကြတာလဲ... စီအင်ဂျီ သွားထည့်တာလား မသိဘူး။ ဒီနေ့တော့ ၃၉ဘက်စ် ရှားတော့မှာပဲ။´ ဆိုပြီး စိတ်ပူလိုက် သေးတယ်။ မှတ်တိုင်မှာ ကားစောင့်နေပါတယ်။ ဖြတ်သွားတဲ့ ပထမ ၁၀၅ အနီက ကျပ်ပိတ်သိပ်နေတာပဲ။ ၃၁လည်း ကျပ်ပါတယ်။ အဲ့ဒါနဲ့ နောက် ၁၀၅ တစ်စီး လာတော့ နည်းနည်း ချောင်တာနဲ့ တက်လိုက်ပါတယ်။ ခြေထောက် ရပ်စရာ နေရာရတော့ စိတ်ချမ်းသာ သွားတယ်။ နောက်တော့ စပယ်ယာ အော်သံ ကြားတယ်။ `ဒီနေ့ ကားခ ဘယ်သွားသွား ၁၀၀ပါ။ စီအင်ဂျီတွေ စျေးတက်သွားတဲ့အတွက် စျေးပိုတောင်းရတာပါ။ ခွင့်လွှတ်ကြပါ။´ တဲ့။ အေးကွာ... တက်ချင်ရင်လည်းတက်၊ ၁၀၀ပေးရမယ်ဆိုလည်း ပေးလိုက်မယ်ဆိုပြီး ၁၀၀ ပေးလိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ၁၀၅ ကို ကျောက်ကုန်းကနေ မြို့ထဲအထိ စီးရင် အရင်ကတည်းက ၁၀၀ ပေးနေရတာဆိုတော့ ကျွန်မအတွက် ဘာမှ မထူးသွားဘူးလေ။ နောက်တော့မှ မဟုတ်ဘူး။ သူတို့က `စေတနာနဲ့ ခရီးသည်တွေ အခက်အခ ဲဖြစ်မှာ ဆိုးလို့ ၀င်ဆွဲတာပါ။ တာမွေ အထိပဲ ရောက်ပါမယ်။ တာမွေ ကနေ ပြောင်းစီး ကြပါ´ တဲ့။ ကောင်းရော။ အေးကွာ... တာမွေ ရောက်တော့မှပဲ ပြောင်းစီးရမှာပဲ ဆိုပြီး စပယ်ယာ ညီးသံ၊ ခရီးသည်တွေ ညီးသံတွေ နားထောင်ပြီး ဆက်စီးလာ ပါတယ်။ လမ်းတစ်လျှောက် မှတ်တိုင်မှာ ခရီးသည်တွေ အများကြီးပါ။ စပယ်ယာက `ဒီနေ့ကားတွေ မထွက်ဘူးနော်။ စီအင်ဂျီစျေးတက်သွားလို့။ ဘယ်သွားသွား တစ်ရာပါ။ တစ်မှတ်တိုင်စီးလည်း တစ်ရာပါ။ ကားရှားတယ်နော်။ ရတုန်းစီးထား´ စသဖြင့် မှတ်တိုင်ရောက်တိုင်း အော်နေပါတယ်။
တာမွေရောက်တော့ ဂိတ်ဆုံးသွားပါတယ်။ အရင်က ၁၀၅ အဖြူတွေ ၂စီးလောက် အမြဲတမ်းရှိနေတတ်တာ ဒီနေ့ မတွေ့ရပါဘူး။ အဲ... တွေ့တဲ့ကားတွေကလည်း မသွားတဲ့ကားတြွေဖစ်နေပါတယ်။ တစ်စီးလာတော့ ကျပ်ပိတ်သိပ်နေပါတယ်။ ဟိုးအနောက်မှ တစ်စီးရပ်တာတွေ့လို့ ၀မ်းသာအားရ ပြေးသွားလိုက်တာ ဒရိုက်ဘာက ကားပေါ်ကဆင်းပြီး လက်ဖက်ရည်ဆိုင်ထဲ ၀င်သွားတာ တွေ့လိုက်ရပါတယ်။ ပါရမီ ၂၀၀ ကားတစ်စီး တွေ့တော့ ခြေနင်းခုံအထိ ပြည့်ကျပ်နေပါတယ်။ စပယ်ယာ မျက်နှာကတော့ ပြုံးလို့။
နောက်တော့ ဘာကားစီးရမလဲ စောင့်နေရင်း ၃၉ ဘက်စ်ကားအဝါ လာတာ တွေ့လိုက်ပါတယ်။ ပထမကားကတော့ ပြည့်ကျပ်လို့... နောက် ၅ မိနစ်လောက်နေတော့ လာတဲ့ကားက နည်းနည်းချောင်ပါတယ်။ အဲ့ဒါနဲ့ အနောက်ပေါက်ကို တိုးတက်စီးလိုက်ပါတယ်။ လမ်းမှာတော့ စဉ်းစားနေမိပါတယ်။ ငါဘယ်မှတ်တိုင်မှာ ဆင်းရင်ကောင်းမလဲ။ ကျွန်မသွားရမှာက ဗိုလ်ချုပ်လမ်း၊ အခုသွားတဲ့ကားက အောက်လမ်းကား။ နောက်ဆုံးတော့ မထူးပါဘူး... ဂိတ်ဆုံးအထိပဲစီးတော့မယ်ဆိုပြီး ဂိတ်ဆုံးအထိစီးဖြစ်ပါတယ်။ ၃၉ဘက်စ် အဝါက ဘဏ် (၃) နားမှာ ဆုံးတာပါ။ အဲ့ဒီကနေ ကျွန်မရုံးကို လမ်းလျှောက်လာခဲ့ပါတယ်။ မလာခင် ရုံးကို နောက်ကျမယ်လို့ ဖုန်းလှမ်းဆက်လိုက်သေးတယ်။ ရုံးရောက်တော့ တိုင်းကဒ်တွေ သိမ်းသွားပါပြီ။ အဲ့ဒါနဲ့ အက်ဒ်မင် ကို ရုံးနောက်ကျရတဲ့အကြောင်း သံတော်ဦးတင်လိုက်ပါတယ်။ (မဟုတ်ရင် လခရဲ့ ၁၅% ဖြတ်မှာ)
-+-+-+-
အမှန်မှာတော့ ကျွန်မတို့ မြန်မာလူမျိုးတွေနဲ့ ပတ်သက်နေတဲ့ စီးပွားရေးဟာ ဒေါ်လာစျေး၊ ဒီဇယ်စျေး၊ ဓာတ်ဆီစျေး၊ ရွှေစျေးတွေ အပေါ် အခြေခံ နေပါတယ်။ အဲ့ဒီ့ထဲက တစ်ခုခု ကောက်တက်သွားတာနဲ့ ကုန်စျေးနှုန်းတွေပါ လိုက်တက်ပါတယ်။ အဲ .. ပြန်ကျတဲ့အခါ ကျတော့ ကုန်စျေးနှုန်း တွေကို တာဝတိ ံသာ က ဆွဲထား လို့လားမသိ၊ ပြန်မကျတော့ပါဘူး။ အခု လောင်စာဆီတွေ စျေးတက်တော့ ကုန်စျေးနှုန်း တွေလည်း တက်ဦးတော့မပေါ့။ အရမ်းကြီး ကျော်မကောင်း ကြားမကောင်း၊ ကြားလိုက်ရင် သတိလစ်ချင်စရာကောင်းတဲ့ စျေးတွေ မဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်းမိပါတယ်။
အခု ဒီဇယ်စျေးက ၃၀၀၀ ကျပ် (အရင်က ဘယ်လောက်လဲ မသိ)၊ ဓာတ်ဆီက ၂၅၀၀ကျပ် (အရင်က ၁၅၀၀ ကျပ်)၊ စီအင်ဂျီ ဂက်စ်အိုးတစ်လုံး (တစ်လုံးမှာ ၆၅လီတာ / ၁ရဂါလံ ပါပါတယ်) ကို ၂၅၀၀ ကျပ် (အရင်က ၅၀၀ကျပ်) ဖြစ်သွားပြီလို့ ဖော့်ဘ်စ် မှာ ဖတ်ရပါတယ်။

No comments:
Post a Comment