Jun 8, 2011

ဒိုင်ယာရီ

0 comments

ဒိုင်ယာရီ

ငါ တစ်ခါ တစ်ခါ တော်တော် အလိုက်ကန်းဆိုး မသိတတ်တဲ့သူပဲနော်။

ဒိုင်ယာရီ

ငါ့ရဲ့ အကျင့်တစ်ခုကို ပြင်ရဦးမယ်။ သူငယ်ချင်းတွေကို ရင်ဖွင့်တတ်တဲ့အကျင့်လေ။ အဲ့ဒါ မကောင်းဘူး သိလား။ ငါ တစ်ခုခုကို စဉ်းစားရကြပ်လာရင် သူငယ်ချင်း တစ်ယောက်ယောက်ဆီကို ပြောပြပြီး အကူအညီ တောင်းတတ်တယ်လေ။ အဲ့ဒီလို ရင်ဖွင့်လိုက်ရရင် ငါ့စိတ်တွေ ပေါ့သွားရော။

အမှန်တော့ ဒါ ငါ့ရဲ့ အတ္တ တစ်ခုပါပဲ။ ကိုယ်စိတ်ပေါ့သွားချင်တာနဲ့ပဲ သူများကို အပူတွေ ပေးမိတာကိုး။

ဒိုင်ယာရီ

တစ်ခါတစ်ခါ အမှန်အတိုင်းတွေချည်း ပြောတတ်တာ မကောင်းဘူး။ ဒါလည်း ပြင်ရမယ့် အချက် တစ်ချက်ပဲ။

ဒိုင်ယာရီ

ဒီနေ့ ငါ စာ မသွားသင်ချင်ဘူး။ ငါ အိမ်ပဲ ပြန်ပြီး ပျော်စရာ ရုပ်ရှင်လေး တစ်ခုခု ကြည့်ချင်တယ်။ စိတ်ညစ်နေတဲ့အချိန်မှာ ဟာသကားလေးတွေ ကြည့်ရတာ သဘောကျတယ်။ ဒါပေမယ့် မဖြစ်ချေဘူး။ ကိုယ် responsibility ယူထားတဲ့ စာသင်တဲ့ အလုပ်ကို သွားလုပ်ရပေဦးမယ်။

ဒိုင်ယာရီ

ငါ အခု သီချင်း တစ်ပုဒ်ထဲကိုပဲ repeat လုပ်ပြီး နားထောင်နေတယ်။ ချစ်သူ ပို့ပေးထားတဲ့ သီချင်းလေးပါ။ လင်းလင်း နဲ့ ချစ်သုဝေ ဆိုထားတဲ့ နားလည်မှု တဲ့။ အဲ့ သီချင်းလေး ကောင်းတယ်။

ဒိုင်ယာရီ

ငါ ဒီ တနင်္ဂနွေ မတိုင်ခင် presentation တစ်ခု လုပ်ရမယ်။ ခက်တာက ငါ့မှာ ဘာအကြံဉာဏ်မှ မရှိသေးဘူး။ eek