Jul 18, 2013

မောရှမ်းမြေသို့ အလည်တစ်ခေါက်

1 comments


ရှမ်းပြည်နယ်ကို အလည်တစ်ခေါက် ထပ်မံရောက်ဖို့ အကြောင်းဖန်လာပြန်ပါတယ်။ ရုံးက လိုက်ပို့ပေးတာပါ။ ကားစင်းလုံးငှားပြီး အယောက် ၂၀ လောက် သွားကြမှာ။ ဒီတစ်ခေါက်က သူတို့တွေနဲ့ ပထမဆုံး vacation trip ။ ဘာလို့လဲဆိုတော့ အရင်အခေါက်တွေ သူတို့ ခရီးတွေ သွားတုန်းက ကိုယ် တစ်ခေါက်မှ မလိုက်ဖြစ်လိုက်ဘူး။ သွားစရာတွေ တိုက်ဆိုင်နေလို့ ကိုယ်က တစ်နေရာသွား၊ သူတို့က တစ်နေရာ သွား အဲ့ဒီလို ဖြစ်သွားတယ်။

ဒီတစ်ခေါက်နဲ့ဆို ၄ ခေါက်မြောက် ဖြစ်သွားပါပြီ။ ကျွန်မ သွားဖို့ စိတ်အဝင်စားဆုံး ပြည်နယ်တစ်ခုပါ။ ဒါပေမယ့် သွားခဲ့တဲ့ အခေါက်တိုင်းက ရှမ်းပြည်နယ်တောင်ပိုင်းကိုပဲ ရောက်ဖြစ်ပါတယ်။ ရှမ်းပြည်မြောက်ပိုင်းကို တစ်ခေါက်မှ မရောက်ဖူးသေးပါ။ အခွင့်အခါကြုံရင် သွားချင်ပါသေးတယ်။ ရှမ်းပြည်မြောက်ပိုင်း ဆိုလို့ ပြင်ဦးလွင် - လားရှိုးလမ်း အထွက်လေးပဲ ရောက်ဖူးပါတယ်။

အောက်ကပုံတွေက ပထမဆုံး အကြိမ် ရှမ်းပြည်သွားတုန်းက ရိုက်ထားတဲ့ပုံ အချို့ပါ။

အောင်ပန်းမြို့
ကလောလမ်း

ဒါကတော့ ၂၀၁၂ ခုနှစ်မှာ သွားတုန်းက လမ်းမှာ ရိုက်ခဲ့တဲ့ ပုံလေးတွေပေါ့။

Add caption
ဟဲဟိုး
ဘဝသံသရာ တံတား
အခု နောက်တစ်ခေါက် သွားရပြန်ဦးမယ်ဆိုတော့ ဓာတ်ပုံတွေ ထပ်ရိုက်ဖြစ်ဦးမယ်။ မောင်လေးရဲ့ ကင်မရာ ငှားလာတယ်။ အခုတစ်ခေါက်ကတော့ scene အသစ်တွေ ရမယ် ထင်တယ်။ ဘာလို့လဲဆိုတော့ မိုးရာသီကို တစ်ခါမှ မသွားဖူးဘူးလေ။

အခုတစ်လော ရန်ကုန် - မန္တလေးလမ်းမှာ ကားတိုက်မှုတွေ ဖြစ်တာများနေလို့ ရုံးက လူတွေက စိတ်ပူနေကြတယ်။ ကိုယ်လည်း နည်းနည်းတော့ စိတ်ပူတာပေါ့။ ဒါပေမယ့် လူဆိုတာ သေတစ်နေ့၊ မွေးတစ်နေ့ ပါပဲ။ ဒီတော့ ကိုယ်ကံပါလာရင် ဘုရားစာရွတ်လည်း မကယ်နိုင်ဘူးလေ။ ဒီတော့ ထူးပြီး စိတ်ပူမနေတော့ဘူး။ ကားပေါ် အိပ်လိုက်သွားမယ် (အိပ်လို့ရခဲ့မယ် ဆိုရင်ပေါ့)

တာ့တာ ရန်ကုန်။ သိပ်မကြာခင် ကိုယ် ပြန်လာခဲ့ပါမယ်။ အာညှိုး!

Jul 12, 2013

ဖုန်ခါခြင်း

1 comments

ဘလော့ဂ်ရေးချင်နေလို့ မရေးဖြစ်တာ ကြာသွားတဲ့ မြန်မာဘလော့ဂ်လေးကို ဖုန်လေး ဘာလေး ခါပြီး ပြန်အသက်သွင်း လိုက်ပါတယ်။ ကိုယ့်ရဲ့ Xanga blog ကနေ ကိုယ်ပိုင် ဒိုမိန်းနဲ့ဘလော့ဂ်ကို အကူးအပြောင်း လုပ်မယ်ဆိုပြီး Xanga မှာ farewell လည်း လုပ်ပြီးသွားပြီဆိုတော့ အဲ့ဒီမှာလည်း ထပ်မရေးချင်တော့ဘူး။ ဒါနဲ့ ဒီရောက်လာတယ် ဆိုပါတော့။

-+-+-+-

ခုတစ်လော ဓာတ်ပုံတွေလည်း သိပ်မရိုက်ဖြစ်ဘူး။ ကင်မရာလည်း မထုတ်ဖြစ်တော့ဘူး။ မိုဘိုင်းနဲ့ပဲ ရိုက်ဖြစ်နေတယ်။ ကိုယ့်ဖုန်းကင်မရာက အကောင်းစားကြီးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် နေ့ခင်းဘက်ဆို ကောင်းကောင်းမွန်မွန် ရိုက်လို့ရနေသေးတော့ အဆင်ပြေတယ်။

ကင်မရာ အသေးတစ်လုံးလောက် လိုချင်နေတယ်။ DSLR က နေရာတိုင်း ယူသွားဖို့ အဆင်မပြေဘူး။ ကိုယ့်အပိုင် DSLR တော့ မရှိပါဘူး။ မောင်လေးမှာ ရှိတယ်၊ ချစ်သူ ဆီမှာ ရှိတယ်။ ကြီးကြီးမားမား လိုအပ်လာရင် သူတို့ဆီကပဲ ငှားလိုက်တယ်။ ဒါပေမယ့် ကိုယ့်ဆီမှာ အမြဲတမ်း ဆောင်ထားနိုင်မယ့် ကင်မရာလေး လိုချင်နေတာ။ ပေါ့ပေါ့ ပါးပါး လက်ကိုင်အိတ် လေးထဲ ထည့်သွားလို့ရနိုင်တာမျိုးဆို အဆင်ပြေတာပေါ့။

တကယ်လိုချင်တာက ၤFuji X100s

Fuji X100s
ဒါပေမယ့် စျေးက မသေးဘူး ဖြစ်နေတယ်။ :(

ဒီတော့ စျေးသက်သာပြီး ကောင်းလည်းကောင်းတဲ့ ကင်မရာတွေ ရှာကြည့်ဖြစ်တော့ Canon Powershot G15 လေး သဘောကျနေမိပြန်တယ်။

Canon Powershot G15
ပုံစံလေးက မဆိုးဘူးနော်

ဒီ ကင်မရာကို ဟိုတစ်နေ့က မီတင်တစ်ခုသွားရင်း အစ်မ တစ်ယောက်ကိုင်တာ တွေ့လိုက်မိပြီး သဘောကျသွားတာ။ ပုံစံက ခပ်ကြီးကြီးပဲ။ ဒါပေမယ့် မိုက်တယ်။ ကိုယ်က ကင်မရာ အမျိုးအစား စွဲသလိုများ ဖြစ်နေမလားတော့ မသိ - ဒါပေမယ့် ကင်နွန်ပဲ ကိုင်နေကျဆိုတော့ ဒါပဲ ကြိုက်နေမိတယ်။ အဲ့နေ့က သူ့ ကင်မရာ ခဏယူပြီး ပုံ တစ်ပုံ၊ နှစ်ပုံ ရိုက်ကြည့်မိတယ်။ ပုံထွက်လည်း မဆိုးဘူး။

review တွေ ပြန်ရှာဖတ်ကြည့်ရင်း ဟိုနှိပ်၊ ဒီနှိပ်နဲ့ ရောက်သွားတာကနေ ဒီ ကင်မရာလေးလည်း ကြိုက်မိသွားပြန်တယ်။
Fujifilm XF1 (Brown)
Fujifilm XF1 (Red)
ဝယ်ဖြစ်ရင် ဘယ်ဟာဝယ်ဖြစ်မလဲ မသိဘူး။ ပိုက်ဆံ နည်းနည်းစုရဦးမယ်။

-+-+-+-

Meanwhile in Instagram

အခု ပုံတွေကတော့ ဖုန်းနဲ့ ရိုက်ထားပြီး ႈInstagram မှာ တင်ထားတာလေးတွေပါ။ ဖုန်းကတော့ Samsung Galaxy Ace ပါ။

မြို့ပြနှင့် လွတ်လပ်ရေးကျောက်တိုင်
ဆိပ်ကမ်းသာလမ်းထိပ်နားက ငါးသည်
ရန်ကင်း၁၂ လုံးတန်းက အန်တီညို ပဲပြားအစာသွပ်
ပလက်ဖောင်းတွေ ကျဉ်းလာတဲ့ မြို့တော် (သို့မဟုတ်) ရန်ကုန်