Nov 9, 2011

အသည်းရက်စက်တယ်

0 comments

ဆို - တူးတူး

မကြားချင်ပေမယ့်လည်း အသည်းရက်စက်တယ်
မေ့လိုက်တော့လို့ တကယ်နှင်ပြီလား
မမျှော်လင့်တဲ့စကား
ရင်ထဲမှာ ဆို့နင့်သွားတယ် ဘယ်လို မင်းပြောရက်လဲ

မချစ်တော့ဘူးတဲ့လား အသည်း

နားရှိလို့သာကြား သိပ်မယုံချင်ဘူးကွယ်
ရွှေနှုတ်ခမ်းက ပြောတဲ့စကားများ
သံရည်ပူလိုလား တစ်ဖက်သား ခံစား
တစ်ဖက်နားနဲ့ ဆုံးဖြတ်လားကွယ်
အကြောင်းမဲ့ ရက်စက်တယ်

CHO:
(အသည်းခွဲသွားတဲ့ ချစ်သူရေ
ကတိတွေ ဖျက်ပြီလား ပြောစမ်းကွယ်
တို့ဖြစ်ခဲ့တဲ့ အဖြစ်အပျက်များ
အိပ်မက်တော့ မဟုတ်ခဲ့ဘူး
ချစ်ခဲ့တဲ့ တို့ရဲ့ အချစ်တွေက
ရက်စက်ခြင်းနဲ့ လမ်းခွဲဖို့လား
မင်းက မေ့လိုက်တော့လို့ ပြောပေမယ့်
မမေ့လိုက်နိုင်ပါဘူး)


မကြားချင်ပေမယ့်လည်း အသည်းရက်စက်တယ်
မေ့လိုက်တော့လို့ တကယ်နှင်ပြီလား
မမျှော်လင့်တဲ့စကား
ရင်ထဲမှာ ဆို့နင့်သွားတယ် ဘယ်လို မင်းပြောရက်လဲ

(အသည်းခွဲသွားတဲ့ ချစ်သူရေ
ကတိတွေ ဖျက်ပြီလား ပြောစမ်းကွယ်
တို့ဖြစ်ခဲ့တဲ့ အဖြစ်အပျက်များ
အိပ်မက်တော့ မဟုတ်ခဲ့ဘူး
ချစ်ခဲ့တဲ့ တို့ရဲ့ အချစ်တွေက
ရက်စက်ခြင်းနဲ့ လမ်းခွဲဖို့လား
မင်းက မေ့လိုက်တော့လို့ ပြောပေမယ့်
သေတောင် ကိုယ်မမေ့ဘူး)

လွယ်လွယ်နဲ့ မေ့ရမလား

ကိုယ်သိပ်ချစ်ခဲ့တာ မသိလို့လား
အချစ်သစ် မင်းရှာတွေ့လို့လား
ကြြွေပီ ကိုယ့်အသည်းယဲ့ယဲ့ကလေး
တစ်စစီဖြစ်အောင် နင်းချေသွားခဲ့နိုင်သူလေး
ဘယ်သူ့ကြောင့် မင်းစိတ်ပြောင်းသွားခဲ့လဲ
ဘယ်သူ့ကြောင့် မင်းက အစားထိုးသွားလဲ
အကြောင်းမဲ့ ရက်စက်တဲ့ အချစ်လေး
အချစ်လေး

အသည်းခွဲရက်စက်သွားတဲ့ ချစ်သူရေ
ကတိတွေ ဖျက်ပြီလား ပြောစမ်းကွယ်
တို့ဖြစ်ခဲ့တဲ့ အဖြစ်အပျက်များ
အိပ်မက်တော့ မဟုတ်ခဲ့ဘူး
ချစ်ခဲ့တဲ့ တို့ရဲ့ အချစ်တွေက
ရက်စက်ခြင်းနဲ့ လမ်းခွဲဖို့လား
မင်းက မေ့လိုက်တော့လို့ ပြောပေမယ့်
မမေ့လိုက်နိုင်ပါဘူး

ခွဲဖို့ မပြောနဲ့ အချစ်ဆုံး
(မင်းကိုလွမ်းတယ်)
ဒါတွေသေတောင် ကိုယ်မမေ့ဘူး အချစ်ဆုံး
ကိုယ်ကြင်နာတာ မင်းလေး အသိဆုံး

http://www.mediafire.com/?yfry4jzhhkx

-+-+-+-

iTunes မှာ shuffle နေရင်း ပေါ်လာတဲ့ သီချင်းလေးကို repeatedly နားထောင်ဖြစ်တယ်။ ဒီ သီချင်းလေးကို အရမ်းကြိုက်တယ်။ ဟုတ်တယ်... ကော်ပီမှန်းသိလျှက်နဲ့လည်း အရမ်းကြိုက်ပါတယ်။ ငယ်ဘဝကိုလည်း ပြန်သတိရမိပါသေးတယ်။

နောက်ပိုင်းမှာ ဗိုလ်လုပွဲ အခွေထဲမှာ Crab နဲ့ Zin Zin တို့ကလည်း new version အနေနဲ့ ပြန်ဆိုထားကြပါသေးတယ်။

http://www.mediafire.com/?vtvwnyj1b91lyl9

မူရင်းကတော့ George Michael ရဲ့ Careless Whisper ဆိုတဲ့ သီချင်းပါ။


အဲ့ဒီ သီချင်းကိုပဲ Sarah Washington က dance version အနေနဲ့ cover လုပ်ထားသေးတယ်။ အဲ့ သီချင်းလေးလည်း မိုက်တာပဲ။