ထိုင်ဝမ် သွားပြီးတာ ၃၊ ၄ လ ကြာသွားပေမယ့် အလုပ်ရှုပ်နေတာနဲ့ ထိုင်ဝမ် ခရီးစဉ်အကြောင်း သိပ်မရေးဖြစ်လိုက်ပါဘူး။ အခုတော့ ကိုယ် ရိုက်ထားတဲ့ ဓာတ်ပုံတွေ ပြန်ကြည့်ရင်း ရေးဖြစ်တာပါ။
ကျွန်မ အခုလို ထိုင်ဝမ်ကျွန်း အနံှ့နီးပါး ရောက်ခဲ့တာ ဆန်ဒရင်း နဲ့ သူ့ရဲ့ အိမ်ရှင် ဆရာမဟောင်း ရဲ့ ကောင်းမှုကြောင့်ပါ။ ကျွန်မ အမှန်တကယ် နေရတဲ့ အိမ်ရှင်တွေက အရမ်းအလုပ်များကြတော့ ကျွန်မကို နေရာတွေ လိုက်မပို့နိုင်ဘူးလေ။ ဒီတော့ သူတို့နဲ့ ကျွန်မကို ထည့်ပေးလိုက်တာ။
ဆန်ဒရင်းကလည်း ကျွန်မနဲ့အတူ Pingtung (ပင်တုန်း) မြို့မှာပဲ ဆိုတော့ အဆင်ပြေသွားတယ်။ သူတို့က Taiwan ကျွန်းတစ်လျှောက် ကားမောင်းခရီးထွက်ကြမယ်၊ လိုက်ချင်ရင် လိုက်ခဲ့လို့ ရတယ် ဆိုတော့ ကျွန်မလည်း လိုက်သွားဖြစ်တာ။
ဆန်ဒရင်းရဲ့ မွေးစားအမေ (host mother) က အင်္ဂလိပ်စာ ဆရာမဟောင်းဆိုတော့ အင်္ဂလိပ်စာ တော်တော် ကောင်းပါတယ်။ စကားပြောရတာ အဆင်ပြေတာပေါ့။ ဆန်ဒရင်းကလည်း မန်ဒရင်းဘာသာကို တော်တော်လေး ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်ပါတယ်။
သွားမယ့် သွားတော့လည်း ထိုင်ပေကို နှစ်ခါတောင် ရောက်ဖြစ်တာ။ ပထမ တစ်ခေါက်က ကိုယ့်ဘာသာကိုယ် ဆန်ဒရင်းတို့နဲ့အတူ သွားလည်တာ၊ နောက်တစ်ခေါက်ကတော့ program အရ နောက်ဆုံး farewell banquet ကို တက်ဖို့ သွားရတာ။
ပထမ တစ်ခေါက်က တော်တော်လေး လည်ဖြစ်ပါတယ်။ အဲ့ဒါကြောင့် တမင် စောစောသွားဖြစ်တာပါ။ program အရ နောက်ဆုံး ပြန်ရမယ့် ရက် (၂) ရက်အလိုမှာ ထပ်သွားရဦးမယ်ဆိုတာကို သိပေမယ့် သူတို့ စီစဉ်ထားပြီးသား အချိန်ဇယားကိုက ပြည့်နေတာနဲ့ သိပ်လည်ရမှာ မဟုတ်ဘူး ဆိုပြီး ကြိုသွားလိုက်ကြတာ မှန်သွားပါတယ်။ ဘာလို့လည်းဆိုတော့ ဒုတိယ တစ်ခေါက် ရောက်တော့ လျှောက်လည်ဖို့ အချိန် သိပ်မရလိုက်ပါဘူး။
အောက်တိုဘာ (၁၈)၊ ၂၀၁၁
ထိုင်ဝမ်နိုင်ငံ၊ ထိုင်ပေမြို့ရဲ့ နာမည်ကြီး လည်ပတ်စရာ နေရာတစ်ခုဖြစ်တဲ့ CKS Memorial Hall လို့ အတိုကောက်ခေါ်ကြတဲ့ Chiang Kai-sheck Memorial Hall ကို ရောက်ရှိခဲ့ပါတယ်။
အမှန်တော့ အဲ့ဒီကို သွားဖို့ အစီအစဉ် မရှိပါဘူး။ တည်းခိုတဲ့ teacher's hostel မှာ အထုတ်တွေချ၊ အခန်းမရသေးလို့ စောင့်နေရာကနေ ဟိုနား ဒီနား လမ်းလျှောက်မယ်ဆိုပြီး ထွက်လာလိုက်တာ။ Botanic Garden နဲ့ နီးတော့ အဲ့ဒီကို ရောက်သွားတယ်။ ပြီးတော့ ဘယ်သွားကြဦးမလဲ ဆိုပြီး စဉ်းစားရင်း လမ်းလျှောက်လာကြတာ... MRT Station တစ်ခုကို လှမ်းမြင်လိုက်တော့ ဆင်းသွားကြတယ်။ ပြီးတော့မှ မြေပုံ ကိုယ်စီကြည့်ရင်း CKS Memorial Hall သွားမယ်၊ ပြီးရင် Taipei 101 ကို လမ်းလျှောက်သွားမယ်ဆိုပြီး ဆုံးဖြတ်လိုက်တယ်။
မြေအောက်ရထားနှစ်ဆင့်လောက်စီးပြီး CKS Memorial Hall ဘူတာမှာ ဆင်းရပါတယ်။
 |
CKS Memorial Hall Station |
CKS Memorial Hall ဟာ ထိုင်ဝမ်နိုင်ငံရဲ့ အမျိုးသားခေါင်းဆောင်ကြီး Chiang Kai Shek ကို ဂုဏ်ပြုတဲ့အနေနဲ့ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ အောက်က ပုံတွေကတော့ CKS Memorial Hall ရှိတဲ့ Liberty Square (Freedom Square လို့လည်း ခေါ်ကြတယ်) ကို မဝင်ခင် ရိုက်ထားတဲ့ ပုံတွေပါ။
 |
Roofed Corridor |
Liberty Square ထဲမှာ Opera House နဲ့ Concert Hall လည်း ရှိပါတယ်။ ဒါပေမယ့် အဆောက်အဦး နှစ်ခုက ပုံစံတူတော့ ဘယ် အဆောက်အဦးက ဘယ်ဟာဆိုတာ သေချာ မကွဲဘူး ဖြစ်နေတယ်။ :P အချိန် သိပ်မရတာနဲ့ အထဲလည်း ဝင်မကြည့်ဖြစ် ဘူးလေ။
 |
Liberty Square |
 |
အော်ပရာရုံလား၊ concert hall လား မသိ |
 |
ဒါက ဓာတ်ပုံဆိုင်နဲ့ နည်းနည်း ကလိကြည့်ထားတာ |
ခမ်းနားလှတဲ့ CKS Memorial Hall ကြီးကို လှမ်းမြင်နေရပါပြီ။ နေကလဲ ကျဲကျဲတောက် ပူတော့ သေချာတောင် ဓာတ်ပုံ မရိုက်နိုင်ပါဘူး။
 |
အရှေ့က ထီးလေးနဲ့ ကောင်မလေးက ကျွန်မနဲ့ ခရီးသွားဖက် ဆန်ဒရင်းပါ။ |
 |
လှေကားပေါ်ကို တက်သွားရင် မြင်ရမယ့် Chiang Kai Shek ရဲ့ ရုပ်တုပါ။ ဘေးက အလံတွေက မြန်မာအလံဟောင်းနဲ့ တော်တော်လေး တူလို့ လွမ်းတောင် လွမ်းသွားမိသေးတယ်။ |
 |
ရုပ်ထုကြီးလား ဆိုပြီး သေသေချာချာ သွားကြည့်မိလိုက်သေးတယ်။ :P
| | | | |
|
|
|
ဒီ အဆောက်အဦးရဲ့ အောက်ထပ်မှာ ပြခန်းတွေလည်း ရှိပါတယ်။ ကျွန်မ သွားကြည့်တဲ့ အချိန်တုန်းက အီဂျစ် ပြခန်း ပြသနေသေးတယ်။ ဒါပေမယ့် ပိုက်ဆံ ပေးရမယ်ဆိုလို့ ဝင်မကြည့်ဖြစ်လိုက်ဘူး။ မလိုအပ်ပဲ ကပ်စေးနဲလိုက်မိတာ နောင်တရမိပါတယ်။ ကိုယ်က အီဂျစ်ပြည်ကို သွားကြည့်နိုင်တာမှ မဟုတ်တာကိုး။
 |
ထာဝရ မသေခြင်းကို စူးစမ်းရှာဖွေချင်ရင် ဘယ်ဖက်သို့ ကြွပါ။ (ပိုက်ဆံတော့ ပေးရမယ်) |
 |
ဒီမြင်ကွင်းလေးကို သဘောကျလို့ ရိုက်လိုက်မိပေမယ့် လက်တုန်သွားတော့ ဝါးသွားတယ်။ နှမြောလိုက်တာ ဓာတ်ပုံလေးရယ်။ |
အောက်ကပုံတွေကတော့ Chiang Kai-Shek ပြတိုက်ပါ။ ဒီဟာတော့ ဝင်ကြည့်ဖြစ် လိုက်တယ်။ ပြသထားတာ တော်တော်လေး ခမ်းနားသလို၊ အထိန်းအသိမ်းလည်း တော်တော်ကောင်းကြတယ်။ မြန်မာပြည်မှာလည်း အခုလိုမျိုး ပြတိုက်လေး ဗိုလ်ချုပ်အောင်ဆန်းအတွက် လုပ်နိုင်ရင် သိပ်ကောင်းမယ်လို့ တွေးမိတယ်။ ဒါကြောင့် ပြကွက်ပုံလေးတွေကို အမှတ်တရ ဓာတ်ပုံ ရိုက်လာဖြစ်ပါတယ်။
 |
Chiang Kai Shek က အလုပ်စားပွဲမှာ မိန့်မိန့်ကြီး ပြုံးပြနေလေရဲ့ |
 |
၁၉၇၁ ခုနှစ်တုန်းက တွေ့ရတဲ့ Chiang Kai Shek နဲ့ သူ့ရဲ့ ဇနီး |
 |
ကလေးတွေနဲ့လည်း ဓာတ်ပုံ တွဲရိုက်ထားတယ်။ |
 |
သူ သုံးခဲ့တဲ့ အသုံးအဆောင်ပစ္စည်းတွေ |
 |
ဖိနပ်က အစ.... |
 |
ဒါကတော့ သူ့ရဲ့ မိန့်ခွန်း လက်ရေးမူပါ |
 |
Chiang Kai Shek စီးခဲ့တဲ့ မာစီးဒီးကြီး |
 |
မာရှယ် စီမံကိန်း တင်သွင်းခဲ့တဲ့ George C Marshall ၊ အမေရိကန် သမ္မတ Herbert Hoover တို့နှင့်အတူ |
 |
သမိုင်းစာအုပ်မှာ ဖတ်ခဲ့ဖူးတဲ့ မောင့်ဘက်တန် ရဲ့ပုံကိုလည်း အခုမှ တွေ့ဖူးပါတယ်။ |
 |
အန္တာတိက တိုက်၊ တောင်ဝင်ရိုးစွန်းမှာ စိုက်ထားတာ မြန်မာအလံ မဟုတ်။ :P |
 |
မော်ဒယ် |
|
ခဏ လျှောက်ကြည့်ပြီးတော့ ထိုင်ပေ ၁၀၁ ကို မသွားခင် ဒေါက်တာ ဆွန်ယက်စင် အထိမ်းအမှတ် အဆောက်အဦးကိုလည်း သွားဦးမယ် ဆိုပြီး Liberty Square က ထွက်လာခဲ့ကြပါတယ်။
 |
နှုတ်ဆက်ခဲ့ပါသည် CKS Memorial Hall |
 |
အပြန် MRT Station သို့ မဝင်ခင် |
ရင်ပြင်ထဲက ရေပန်းတြွေကားမှာ ပြေးလွှား ပျော်နေတဲ့ ကလေးလေးရဲ့ ပုံလေး တင်ရင်း ဒီပို့စ်ကို အဆုံးသတ်လိုက်ပါတယ်။ :D
မှတ်ချက် - ငယ်ငယ်တုန်းက သင်ခဲ့ရဖူးပေမယ့် Chiang Kai-Shek ကို မြန်မာလို မပေါင်းတတ်တော့လို့ အင်္ဂလိပ်လိုပဲ ရေးသွားတာ ဖြစ်ပါတယ်။
No comments:
Post a Comment