Dec 7, 2011

အရင်အတိုင်း ရန်ကုန်

တစ်ချိန်မှာ ရန်ကုန်မြို့ဟာ စင်္ကာပူလို ဖြစ်လာရမတဲ့။

ဒီလို ဘက်စ်ကားတွေ ကနေ အဲယားကွန်း ဘက်စ်တွေ၊ စပယ်ယာ မလိုတဲ့ ဘတ်စ်ကားတွေ ဖြစ်သွားလေမလား

ဒီလမ်းမကြီးရဲ့ အလည်မှာ sky train ကြီးများ ပေါ်လာလေမလား

အဲ့အခါ ဒီလိုမျိုး သစ်ပင်ကြီးတွေ ရှိပါဦးမလား။
ဘယ်လိုပဲ ပြောင်းလဲပါစေ၊ ကောင်းတဲ့ ပြောင်းလဲမှုတွေကို ကြိုဆိုရမှာပါ။ လမ်းတွေ အခုလောက် ကားမကြပ်တော့တာမျိုး၊ လေမရတဲ့ so-called အဲကွန်းဘက်စ်ကားတွေကို ငါးပိငါးချဉ်သိပ် တိုးဝှေ့မစီးရတော့တာမျိုး၊ ပလက်ဖောင်းတွေ အပြည့်ခင်းထားတာမျိုး၊ အမှိုက်ပုံးလေးတွေ လက်လှမ်းမီတဲ့ နေရာတိုင်းမှာ ရှိနေတာမျိုး၊ မြောင်းတွေထဲမှာ အမှိုက်တွေ မပြည့်နေတာမျိုး၊ မိုးလေးနည်းနည်း ရွာရင် ရေမလျှံတာမျိုးတွေပေါ့။

ဒါပေမယ့် ကျွန်မအတွက်တော့ အရင်တိုင်း ရန်ကုန်ကလည်း လှပနေပါတယ်။

2 comments:

mae said...

;)
like your take on this

ကိုကိုမောင်(ပန်းရနံ့) said...

ရန်ကုန်မြို့တော်ကြီး အသွင်မပြောင်းခင် တစ်ခေါက်လောက်တေ့ အလည်ပြန်ထားဦးမှ။ တော်ကြာ အရင်အတိုင်း မတွေ့လိုက်ရဘဲ နေမှာ စိုးရိမ်ရတယ်။ း)