Jan 6, 2011

၂၀၁၁

 ၂၀၁၁ ရေ။ ပျော်ရွှင်မှုလေးတွေနဲ့ ကျွန်မကို ကြိုဆိုခဲ့တဲ့ အတွက် ကျေးဇူးတင်ပါတယ်။

သိပ်ပြီး mushy mushy တွေ မရေးချင်တော့ပါဘူး ၂၀၁၁ ရယ်။ ကိုယ် ဘယ်လောက် mushy ဖြစ်တာ အခုဆို ဖေ့စ်ဘွတ်က သူငယ်ချင်းတွေ အားလုံး သိကုန်ကြပါပြီ။ (အခုဆို အမြင်တောင် ကပ်နေလောက်ပါပြီ။ :P)


ဘာပဲ ဖြစ်ဖြစ် ၂၀၁၁ မစခင်၊ ၂၀၁၀ နိုဝင်ဘာလအကုန်ကတည်းက ရရှိခဲ့တဲ့ ပျော်ရွှင်မှုတွေဟာ ခုထက်ထိ မကုန်သေးပါဘူး။ နောက်နှစ်တွေအထိ ဆက်လည်တည်ရှိနိုင်မယ့် ပျော်ရွှင်မှုတွေလို ထင်မြင်မိပါတယ်။  ကံဆိုးတတ်တဲ့ ကျွန်မအတွက် ပျော်ရွှင်မှုဆိုတာ အကြာကြီး ကိုယ်နဲ့ အတူ မနေတတ်တော့ ဘယ်တော့များ ဒီ ပျော်ရွှင်မှုတွေ ပျောက်ဆုံးသွားမလဲဆိုတာ တစ်ခါတစ်ခါ တွေးပူမိပါရဲ့။ ဒါပေမယ့် အချိန်ကြာလာတာနဲ့ အမျှ ဒီ ပျော်ရွှင်မှုဟာ ကိုယ်နဲ့ အတူတူ အကြာကြီး ရှိမယ်ဆိုတာ ပိုသေချာလာတဲ့အတွက် အဲ့ဒီလို အကျိုးမဲ့ ပူပန်မှုတွေလည်း မရှိတော့ပါဘူး။

အခုချိန်မှာ အတိတ်က ဒဏ်ရာတွေကိုလည်း ပြန်ပြီးမတွေးတော့ဘူး။ အနာဂတ်ကိုလည်း တွေးမပူနေတော့ဘူး။ လက်ရှိကိုပဲ ကြည့်ပြီး၊ ပျော်ရွှင်မှုလေးနဲ့ အတူတူ နေသွားမယ် လို့ ဆုံးဖြတ်ထားပါတယ်။

အခုလို ပျော်ရွှင်မှုလေးတွေကို ဖန်တီးပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် ၂၀၁၁ ရေ။ :)


 (လပေါင်းများစွာ ဘလော့ဂ်ကို ပစ်ထားပြီး အခုကျမှ ဘာစိတ်ကူးပေါက်လို့ လာရေးပါလိမ့်လို့ ထင်ကြလိမ့်မယ်နော်။)

No comments: