Apr 29, 2010

ပြီးခဲ့တဲ့ တနင်္လာ

ပြီးခဲ့တဲ့ တနင်္လာနေ့က ဆာကူရာ တာဝါ အပေါ်ဆုံးထပ်က Sky Bistro မှာ နေ့လည်စာ သွားစားဖြစ်တယ်။ ဒီလိုနေရာမှာ နေ့လည်စာ သွားစားတယ်ဆိုလို့ ကြီးကျယ်လိုက်တာ လို့ ထင်သွားလား။ မထင်ပါနဲ့။ ဒီလိုပဲ ရောက်ဖူးတယ် ရှိအောင် သွားစားတာပါ။ ပြီးတော့ view ကောင်းတယ်ဆိုလို့ ဓာတ်ပုံရိုက်ချင်တာလည်း ပါတာပေါ့။
 
ရန်ကုန်မြစ်လည်း လှမ်းမြင်ရတယ်
 
အောင်ဆန်းကွင်းကြီးလည်း လှမ်းမြင်ရတယ်

ရွှေတိဂုံဘုရားလည်း လှမ်းမြင်နိုင်တယ်


FMI Centre နဲ့ စကော့စျေးလည်း မြင်ရတယ်။

ရုံးက လူတွေနဲ့ သွားစားတာ... သူတို့တွေက ကြေးအိုး သောက်တယ်။ ဆာကူရာ အထိတောင်လာပြီး မှ ကြေးအိုး မသောက်ချင်တာနဲ့ နေ့လည်စာကို စပါဂတီ စားပါတယ်။ အမှန်အတိုင်းဆိုရရင် စပါဂတီကို မစားဖြစ်တာ ကြာပြီ။  ဆိုင်တွေမှာတော့ တွေ့မိပါရဲ့.. ကောင်း၊ မကောင်း မသေချာတာနဲ့ မစားမိတာ။ ဒီတစ်ခါတော့ စားဖြစ်သွားတယ်။ စပါဂတီကို စားရင်းနဲ့ ငယ်ငယ်တုန်းက အလယ်တန်းကျောင်းမှာ ကျွေးတဲ့ စပါဂတီကို သွားသတိရလိုက်သေးတယ်။ သူ့ဟာမှာတော့ အသားလုံးတွေပါတယ်.. အခုစားတာမှာတော့ မပါဘူး။

စပါဂတီကို စားရင်လည်း အမဲသားနဲ့ပဲ စားချင်တယ်။
(Spaghetti Bolognese)

ပြီးတော့ ချောကလက် milkshake သောက်တယ်။ နောက်ဆုံးရလဒ်ကတော့ အီထွက်သွားတာပါပဲ။

အေးအေးဆေးဆေးတော့ ရှိတယ်။ သီချင်းလည်း သိပ်အကျယ်ကြီး မဖွင့်တာ သဘောကျတယ်။ စားသောက်ဆိုင်တွေမှာ သီချင်းအကျယ်ကြီးဖွင့်ထားတာတွေဆို သိပ်မကြိုက်ဘူး။  နေရာကလည်း ကျယ်ကျယ်ဝန်းဝန်း ရှိပါတယ်။ ဗျူးကောင်းတာလေးကိုလည်း သဘောကျတယ်။

စျေးတွေကတော့ အနည်းငယ်ကြီးပါတယ်။ ကြေးအိုး တစ်ပွဲကို ၅၅၀၀ ကျပ်၊ ကျွန်မစားတဲ့ စပါဂတီက ၆၅၀၀ ကျပ်။ milkshake က ၁၅၀၀ .. ဒါကတော့ မဆိုးလှဘူး.. အပြင်ဆိုင်တွေကအတိုင်း နီးပါးပဲ။ နားမလည်တာက ဘာလို့ သစ်သီးဖျော်ရည်တွေက စျေးပိုကြီးနေရသလဲ ဆိုတာပဲ။ မှာလည်း မသောက်ဖြစ်ကြတော့ ဘာထူးမှန်းလည်း ပြောလို့မရဘူး ဖြစ်သွားတယ်။

ဒါပေမယ့် ဗျူးကောင်းတာနဲ့တင် တန်သလိုလို ဖြစ်သွားတယ်။ အနာဂတ်မှာ ရည်းစားရှိလာခဲ့ရင် ရည်းစားနဲ့ အေးအေးဆေးဆေး သွားစားလို့ကောင်းတဲ့ နေရာလို့ မှတ်သားလာပါတယ်။ :P

3 comments:

SZA said...

အခုတချို့နေရာတွေပိတ်လိုက်တော့ ဗျူးသိပ်မကောင်းတော့ဘူးဆိုလားပဲ.. အစားအသောက်တွေတော့ထားပါ..ရေတစ်ဗူးက ရ၀၀တဲ့..အခုတော့ဘယ်လောက်ထပ်တက်မလဲမသိဘူး..မနှစ်ကတော့အဲဒီ့မှာသြွးမစားဖြစ်ဘူး..အခုလိုတွေတွေ့ရတော့ ရန်ကုန်တောင်ပြန်ချင်လာတယ်..
spaghetti က meatball spaghetti မှာ အသားလုံးတွေပါမှာမလား..အခုက bolognese ဆိုတော့ အဲလိုအသားတွေပဲပါမှာ.. သမ်မတနားက ၃၆၅မှာလဲ စျေးကြီးတယ်..နှစ်ယောက်စားတာ ၂သောင်းကျော်လောက်ကြတယ်..အဝစားတာမဟုတ်ဘူး..အနည်းငယ်ပါပဲ..

Anonymous said...

၅၅၀၀ ၆၅၀၀ ကို သက်သာတယ် ရန်ကုန်ကစျေးက
စလုံးစျေးနဲ့ မကွာတော့ပါလားနော်..

အနာဂါတ်ရည်စားရရင် ပိုက်ဆံပိုကုန်နိုင်တယ် ဆိုတဲ့ သဘောပဲ

ရက်ဒ်

Anonymous said...

ဒီလို အံ့ဖွယ်အမှုတွေ တစ်သက်လုံး တစ်ခါမှ မတွေ့ဖူးဘူး။
ကျွန်မခင်ပွန်းက ကျွန်မနဲ့ အသက် ၅ နှစ်သားလေးကို ထားခဲ့ပြီး ၉ လကျော်၊
ကျွန်မ အရမ်းစိတ်ထိခိုက်ပြီး စိတ်ပျက်မိတယ်၊ ကျွန်မခင်ပွန်းအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာကြောင့် သူ့ကို ကျွန်မဆီပြန်ပို့ဖို့ နေရာအမျိုးမျိုးက အကူအညီတောင်းခဲ့ပေမယ့် ကွာခြားမှုမရှိပါဘူး။ ကျွန်မအမေက ကျွန်မကို (DR DAWN) နဲ့ မိတ်ဆက်ပေးမချင်း ဒီဆရာဝန်က ကျွန်မကို ပြောပြပြီး ၄၈ နာရီအတွင်း ကျွန်မခင်ပွန်းက ကျွန်မဆီပြန်လာမယ်လို့ ကတိပေးခဲ့ပြီး ၄၈ နာရီအကြာမှာ ကျွန်မခင်ပွန်းက ကျွန်မကို ဖုန်းဆက်ပြီး ခွင့်လွှတ်ပေးဖို့ တောင်းပန်ခဲ့ပါတယ်။ သူက ကျွန်မကို ဘယ်တော့မှ ထားသွားတော့မှာ မဟုတ်ပါဘူး၊ ဒေါက်တာ DAWN ကို ကျေးဇူးအများကြီးတင်ပါတယ် ဘာလို့လဲဆိုတော့ အခုဆို ကျွန်မခင်ပွန်းနဲ့ ပျော်နေတာ 3 နှစ်ကျော်ပြီ၊ သူက ကျွန်မကို ဘုရင်မလို ဆက်ဆံတယ်၊
ပြဿနာတစ်စုံတစ်ရာရှိပါက DR DAWN သို့ ဆက်သွယ်ပါ။

*မင်းရဲ့ချစ်သူကို ပြန်ရဖို့။
* ပြန်လည်ညှိနှိုင်းရန်
*ကိုယ်ဝန်ဆောင်ရန်
*ကင်ဆာကို ကုသရန်
*လက်စားချေရန်
*စီးပွားရေးကိုမြှင့်တင်ရန်
* သင့်ငွေ/ပိုင်ဆိုင်မှုကို ပြန်လည်ရယူရန်
*HIV/AIDS သို့မဟုတ် အခြားရောဂါများကို ကုသရန်။
သူ့ကို ဆက်သွယ်ပါ: dawnacuna314@gmail.com
Whatsapp- +2349046229159