Sep 10, 2010
ဆန့်ကျင်ဘက်
May 28, 2010
Apr 29, 2010
ပြီးခဲ့တဲ့ တနင်္လာ
(Spaghetti Bolognese)
ပြီးတော့ ချောကလက် milkshake သောက်တယ်။ နောက်ဆုံးရလဒ်ကတော့ အီထွက်သွားတာပါပဲ။
Mar 5, 2010
အဓိပတိလမ်းက ခြေရာများ
အဓိပတိလမ်းက ခြေရာများ
ရေး - ဝင်းမင်းထွေး
ဆို - ထူးအိမ်သင်
အဓိပတိလမ်းမထက် အတိတ်ကတို့ခြေရာများ
တိမ်တိုက်လို ဝေးလွင့်လို့သွား အားလုံး ပျောက်ကွယ်လေပြီ
ရာသီတြွေခာခြာလည် မှုန်ဝါး အတိတ်က ခြေသံ တိုးတိုးသွား
တို့နှစ်ယောက်တကယ်ကို ဝေးခဲ့ကြပြီလား
ပွင့်သစ်စ ရနံ့ဆွတ်ပျံ့ အခုတော့ ပျောက်ပျယ်လွင့်ပါး
ပြောင်းလဲခြင်းများရဲ့ မြစ်ရေတို့ ဘဝကို ဖြတ်ကျော်တာ ကြုံတယ်
ဒဏ္ဍာရီလိုလို ဝေဝေဝါး အတိတ်က ခြေသံ တိုးတိုးသွား
ဒီမှာ တို့နှစ်ယောက်တကယ်ကို ဝေးခဲ့ကြပြီလား
(အို အဓိပတိလမ်းက/မ လည်း အရင်လိုပါလား
အို တို့နှစ်ယောက်ရဲ့ အချစ်တွေ/တို့ မခိုင်မြဲကြ
အချစ်တွေ့မိရဲ့လား.. တို့ရဲ့အဖြစ်များ
အားလုံးပြောင်းလဲသွားခဲ့ပေါ့ ယုံနိုင်မလား)
(Guitar Solo)
အဓိပတိလမ်းထက် လျှောက်ခဲ့ကြ တို့ခြေရာများ
အမြဲတမ်းတွဲသွား မခွဲတမ်းလျှောက်ခဲ့.. အို အချစ်တဲ့လား
ကမ္ဘာတည်အောင် ခြေရာတွေ ချန်နေရစ်မလား
အခုတော့ ဘယ်လိုဖြစ်ခဲ့သလဲ
ကြင်နာသူတွေ တကယ်ကို ဝေးခဲ့ပြီတဲ့လား
(Chorus) x 2
အားလုံးပြောင်းလဲသွားခဲ့ပော့ ယုံနိုင်မလား
အင်္ဂလိပ် ဘာသာပြန်
Footsteps on Adipati Road
Lyrics: Win Min Htwe
Singer: Htoo Eain Thin
These footsteps of the past on Adipati Road
They all have disappeared like clouds drifting away
Many seasons have come and gone... and the sound of these footsteps gradually fades away
Have you and I really parted?
The fragrance of budding flowers have slowly disappeared
We faced the current of changes slowly passed by our lives
Like a legend, it has become unclear… and the sound of these footsteps gradually fades away
Have you and I really parted?
Chorus:
(Adipati Road has always been the same
Yet, our love didn’t last
Did you see what has happened to us?
Everything had changed, can you believe it?)
(Guitar Solo)
Our footsteps were paved on Adipati Road
We never separated, and always together, was it love?
We thought to leave our footprints so that they’ll last until the end of the Earth
But now what had happened?
Those who were lovers had really parted?
Everything had changed, can you believe it?
(Chorus) x2
Everything had changed, can you believe it?
-+-+-+-
"ဘာလို့ သူတို့တွေ ကွဲကွာခဲ့ကြရတာလဲ။ တစ်စုံတစ်ယောက်က သစ္စာဖောက် ခဲ့လို့လား။ ဒါမှမဟုတ် သူတို့နှစ်ယောက်ဟာ ဘယ်လိုမှ ညှိလို့မရတဲ့ ဆန့်ကျင်ဘက် လူနှစ်ဦး ဖြစ်နေတာ သိလိုက်ရလို့လား။ ဒါမှမဟုတ် မိဘတွေက သဘောမတူတာတို့၊ "သမီး သူ့ကိုယူရင် အမေ သေရပါလိမ့်မယ်" ဆိုပြီး တားလို့ မိဘတွေကို ငဲ့ညာပြီး ဝေးကွာရတာလား။" ဆိုပြီး စဉ်းစားမိသေးတယ်။
ကျွန်မတော့ ဒီသီချင်းကို ငယ်ငယ်လေးကတည်းက နှစ်ခြိုက်ခဲ့ရပါတယ်။ အသက်နည်းနည်း ကြီးလာတော့မှ ဒီသီချင်းဟာ Bertie Higgins သီဆိုထားတဲ့ "Casa Blanca" ဆိုတဲ့ သီချင်းကို ကော်ပီထားမှန်း သိလိုက်ရတယ်။ အဲ့ဒီ Casa Blanca ဆိုတဲ့ သီချင်းလေးကလည်း သူ့ အနှစ်သာရနဲ့သူ နားထောင်လို့ ကောင်းတဲ့ သီချင်းတစ်ပုဒ်ပါပဲ။
ဒါပေမယ့် အခု ထူးအိမ်သင် ဆိုထားတဲ့ မြန်မာပြန်လေးကိုလည်း ကြိုက်တယ်။ ဒီ သီချင်းမှာ ကိုထူးအိမ်သင် ရဲ့ အသံ ဆွေးဆွေးမြေ့မြေ့လေးကို သဘောကျတယ်။ ငယ်ငယ်က ပထမဆုံး နားထောင်ဖူးခဲ့တာတော့ ဟေမာနေဝင်း သီဆိုထားတဲ့ ဗားရှင်းပါ။ ဟေမာနေဝင်း ရဲ့ ပထမဆုံး သီချင်းများ ဆိုတဲ့ အယ်လ်ဘမ်ထဲမှာ ပါပါတယ်။ စာသားတွေတော့ နည်းနည်း ပိစိလေး ကွဲလွဲတာ မှတ်မိတယ်။
ဥပမာ - "အဓိပတိလမ်းကတော့ အရင်လိုပါလား .. တို့ရဲ့ အချစ်ကတော့ မခိုင်မြဲဲဲဲဲကြ" လို့ ထူးအိမ်သင် ဆိုသွားပေမယ့်၊ ဟေမာနေဝင်း ဆိုတုန်းကတော့ "အဓိပတိလမ်းကတော့ အရင်လိုပါပဲ.. တို့ရဲ့အချစ်ကတော့ မခိုင်မြဲဘူး" လို့ ဆိုခဲ့ပါတယ်။ အဆုံးလေးတွေ ကွဲသွားတယ်။ အခုလောလောဆယ် အဲ့ဒီ ဟေမာနေဝင်းရဲ့ အယ်လ်ဘမ် မရှိလို့ ကျန်တဲ့ ဘာစာသားတွေ ပြောင်းသလဲ ဆိုတာ မမှတ်မိတော့ဘူး။
အခု ကျွန်မ ရှယ်ယာလုပ်ထားတဲ့ ထူးအိမ်သင် သီချင်းကတော့ ၂၀၀၃ ခုနှစ်မှာ ထွက်ခဲ့တဲ့ တစ်နေ့စာ အလွဲများ ဆိုတဲ့ အခွေကပါ။ ဒီသီချင်းကို ပထမဆုံး ထူးအိမ်သင် စဆိုခဲ့တာက ချစ်ကောင်း၊ ဟယ်ရီလင်း နဲ့ ထူးအိမ်သင် တို့ရဲ့ အိပ်မက်ကုန်သည် (၂၀၀၂ ဝန်းကျင်မှာထွက်ရှိသည်) ဆိုတဲ့ အတွဲခွေထဲမှာ စပါဖူးတယ် လို့ ကိုဖိုးသားကို မေးကြည့်လို့ သိရပါတယ်။
ဗီစီဒီ
နောက်များမှ အဓိပတိလမ်းကို ဘယ်လို လျှောက်ခဲ့တယ် ဆိုတာ ဓာတ်ပုံနဲ့ တကွ တင်ပြသွားပါဦးမယ်။ ကျေးဇူးတင်ပါတယ် ရှင့်။ (Mandalay FM ကို အားကျလို့ပာ :P)
Feb 25, 2010
ဓာတ်ပုံ ဒိုင်ယာရီ - ဖေဖေါ်ဝါရီ ၁၄ ရက်
ဒီအောက်က ပုံတွေကတော့ ဘက်စ်ကားဂိတ် အသွားလမ်းမှာ ရိုက်ထားတာပါ။
အစကတော့ ဒီ ဓာတ်ပုံတွေ ပြရင်ကောင်းမလား၊ မကောင်းဘူးလား စဉ်းစားမိသေးတယ်။ ဘာလို့လဲဆိုတော့ ဒီ နေရာတွေကို သိတဲ့သူ တစ်ယောက်ယောက်က ကျွန်မ ဘယ်နေရာမှာ နေတယ် ဆိုတာ ခန့်မှန်းနိုင်တယ်လေ။ ဒါပေမယ့် အခုမှတော့ မထူးတော့ပါဘူး။ အရင်တုန်းကလည်း ဒီလိုပဲ ပရိုက်ဗက်စီကို သိပ်ဂရုမစိုက်ပဲ ရေးလာခဲ့ပြီးပြီ ဆိုတော့ သိပြီးသူတွေလည်း သိကုန်လောက်ပါပြီ.. ဟိဟိ
ဒီ ဦးဇင်းတွေ၊ ကိုရင်တွေက မနက်တိုင်း ဒီလမ်းကနေ ဆွမ်းခံကြွတယ်။ ဒါပေမယ့် ဒီတစ်ခါတော့ ကိုယ့်မှာ ကင်မရာ အသင့်ရှိနေတော့ ဓာတ်ပုံရိုက်ခွင့် ရသွားတယ်။ ထူးခြားတာက ညာဘက်ပုံမှာဆို ကလေးလေးတွေက မြေကြီးမှာ ထိုင်ပြီး ဘုန်းကြီးတွေ ကြွသွားတာကို ကန်တော့နေကြတယ်။ ဒီလိုပုံမျိုးက ရန်ကုန်မြို့ကြီးမှာ တော်တော် ရှားနေပြီလေ။
ကျွန်မတို့ သွားကြည့်ဖြစ်တဲ့ ရုပ်ရှင်က “အတိတ်ရဲ့ အရိပ်” (Shadow of the Past) တဲ့။ အောင်သူရ ဆိုတဲ့ မင်းသားသစ်နဲ့ အိန္ဒြကျော်ဇင် တို့ရဲ့ ရုပ်ရှင်ပါ။ ဆွစ်ဇာလန်မှာ သွားရိုက်တယ်လို့ ကြားကတည်းက ရုံတင်မှာကို စိတ်ဝင်တစား စောင့်မျှော်နေမိတဲ့ ကား တစ်ကားပေါ့။
ကျွန်မအတွက်တော့ ရုပ်ရှင်က ကြည့်လို့ကောင်းပါတယ်။ တခြားပြနေတဲ့ ကားတွေထက်စာရင်တော့ တော်တော်လေး သာပါတယ်။ အသံတွေ ဘာတွေကို ပြန်လည်ပြုပြင်ထားတော့ နောက်ခံသံ ဆူဆူညံညံတွေလည်း မပါတော့ဘူး။ ပြီးတော့ တီးလုံးလေးတွေက အစ မိုက်တယ်။ (ဒါတောင် ဘယ်လိုမှ မလိုက်ဖက်တဲ့ အတိတ်ရဲ့အရိပ် မြန်မာသံ ဇာတ်ဝင်တေးကြီးက ပါလိုက်သေးတယ်) ဒါပေမယ့် မင်းသား အိုက်တင်ကတော့ အနည်းငယ် လိုသေးတယ်။ သူ မတ်တပ်ရပ်နေပုံတွေကို ကြည့်ပြီး ပရိတ်သက်တွေက တဝါးဝါး တဟားဟားနဲ့.. အားတောင်နာတယ်.. မင်းသားရယ်။ :D ဒါပေမယ့် သူ တော်တော်လေးကို ကြည့်ကောင်းပါတယ်။ အနောက်တိုင်းဝတ်စုံနဲ့ဆို ပိုတောင် စမတ်ကျသေးတယ်။ မိုက်တယ်။ :)
ရုပ်ရှင်ကြည့်ပြီးချိန်မှာတော့ တရုတ်တန်းသွားပြီး၊ လသာက အခွေ ဆိုင်သွားမွှေမယ်၊ ဆီချက်စားမယ် ဆိုပြီး ထွက်လာပါတယ်။ လမ်း၃၀ မှာ ဘက်စ်ကား သွားစီးမယ် ဆိုပြီး လမ်းလျှောက်ဖြစ်ခဲ့ပါတယ်။
(မှတ်ချက် - ညာဘက်မှ Myanmar Shopping Mall ပုံသည် အရင်တစ်ပတ်က ရိုက်ထားသောပုံကို ရောထည့်ထားခြင်း ဖြစ်သည်။)
၃၁ လမ်းကနေ ဖြတ်ဖြစ်တော့ အဲ့ဒီက ဝတ္ထုတန်းကို နည်းနည်း ဝင်ကြည့်လိုက်ပါသေးတယ်။ ဘာမှမဟုတ်ဘူး.. မင်းသိင်္ခရဲ့ ဆားပုလင်း နှင်းမောင် ဝတ္ထုအဟောင်းတွေများ ရှိမလားလို့ ရှာကြည့်မိသေးတယ်။ (အဲ့စာအုပ်တွေတော့ အရမ်းကြိုက်တယ်) စပ်စပ်စုစု ဝတ္ထုတစ်အုပ် ကောက်ကိုင်ပြီး ဘယ်လောက်လဲ မေးမိသေးတယ်။ ရ၅၀ ကျပ် တဲ့။ ငယ်ငယ်ကတော့ အဲ့ဒီ အချစ်ဝတ္ထုတွေ တော်တော် ဖတ်ဖြစ်တယ်။ ရတဲ့ စာအုပ် ဖတ်တတ်သူ ဆိုတော့ စာရေးဆရာ တော်တော်စုံစုံကို ဖတ်ဖြစ်တယ်။ ခုနောက်ပိုင်းတော့ မဖတ်ဖြစ်တာ ကြာပါပြီ။
လသာကို ဘက်စ်ကား စီးသွားတယ်။ ပြီးတော့ လသာလမ်းပေါ်က မိတ္တုဆိုင် တစ်ဆိုင် ဝင်တယ်။ ညီမက သူ ငှားထားတဲ့စာအုပ် တစ်အုပ်ကို မိတ္တူကူး စာအုပ်ချုပ်တယ်။ ဒီဗွီဒီဆိုင်ကတော့ ပိတ်ထားလို့ ဝင်မကြည့်လိုက်ရဘူး။ ဒါနဲ့ပဲ ဆီချက်ဆိုင်ကို တန်းရောက်သွားပါတယ်။
လမ်း ၂၀ က ဆီချက်ဆိုင်မှာ ဆီချက် ပွဲကြီးစားတယ်။ ညီမ က ကော်ရည်ခေါက်ဆွဲ စားတယ်။ တစ်လမ်းလုံးမှာ အရင်က ဆိုင်လေးတွေ အများကြီးဖွင့်တာ.. အဲဒီ့နေ့က ဒီ တစ်ဆိုင်ပဲ ဖွင့်တယ်။
ပြီးတော့ မဟာဗန္ဓုလလမ်းတစ်လျှောက် မော်တင် အထိ လမ်းလျှောက်တယ်။ ဘာမှ မဟုတ်ဘူး.. ဓာတ်ပုံ ရိုက်ချင်လို့.. ပြီးတော့ ခြင်္သေ့အကတွေ ဘာတွေများ ဓာတ်ပုံရိုက်ခွင့်ရမလား ဆိုပြီး လိုက်ရှာတာ.. ကိုယ်ပဲ ကံမကောင်းလို့လား မသိဘူး.. မတွေ့လိုက်ဘူး။
လမ်းမတော် ရဲစခန်းဘေးက ရှော့ပင်းစင်တာလည်း တစ်ခါမှ မရောက်ဖူးလို့ ဆိုပြီး ဝင်ကြည့်လိုက်သေးတယ်။
ပြီးတော့ မော်တင်နားကနေ ဘက်စ်ကားစီးပြီး အိမ်ပြန်တယ်။ အထူးကားက အိမ်နားက မှတ်တိုင် တန်းရောက်တယ်။ ပြီးတော့ ထိုင်ခုံလည်း ရတော့ ဘေးဘီဝဲယာတွေ ဓာတ်ပုံ ရိုက်ပြီး လိုက်လာခဲ့တယ်။
အဲ့ဒီနေ့က ဓာတ်ပုံတွေ လျှောက်ရိုက်တာ ပုံ ၁၀၀ ကျော်တယ်။ အဲ့ဒီထဲကမှ ပြန်ရွေးပြီး ပုံ စုစုပေါင်း (၅၆) ပုံ တင်လိုက်တယ်။ ဓာတ်ပုံတွေတော်တော် များသွားပေမယ့် မလျှော့နိုင်တော့လို့ပါ။
ဘယ် - သိမ်ဖြူ တင်းနစ်ကွင်း (တင်းနစ်ကစားတာ ဝါသနာပါသူလေးကို သတိရမိပါတယ်)
ညာ - မင်္ဂလာစျေးနားက ဟိန္ဒူဘုရားကျောင်း
နောက်ကျနေပေမယ့်... ဆုတောင်းပေးလိုက်ပါတယ်။