May 3, 2007

မိုးကလေးဖွဲတုန်း

အခု အပြင်မှာ မိုးတွေ ရွာနေပါတယ်။ ကျွန်မကတော့ မိုးရွာတာကို သဘောကျပါတယ်။ ဒါပေမယ့် မိုး အရမ်း သည်းနေရင်တော့ အပြင် မထွက်ချင်ဘူး။ အိမ်ထဲမှာ စာအုပ်လေး ဖတ်ပြီး ကွေးနေချင်တယ်။

ဒါပေမယ့် မိုးဖွဲလေးတွေ ရွာနေရင်တော့ ထီးတစ်ချောင်းနဲ့ လမ်းလျှောက် ရတာကို သဘောကျတယ်။ မြေသင်းနံ့လေးကို ရှုရင်း သစ်ပင် စိမ်းစိမ်းလေးတွေ၊ မြက်ပင် စိမ်းစိမ်းလေး တွေကို ကြည့်ရင်း လမ်းလျှောက် ရတာ ဖီးလ် တစ်မျိုးပါပဲ။

တစ်ခါတစ်လေ တော့လည်း သူ့ကို သတိရမိတယ်။ ဘာရယ်တော့ မဟုတ်ပါဘူး။ အကယ်ရွေ့ သူသာ ဘေးမှာ ရှိရင် ကောင်းမယ် ဆိုပြီးတော့ပါ။ ထီးတစ်လက် အောက်မှာ နှစ်ယောက် ဆောင်းရင်း စကားတွေ ပြောချင်တယ်။ ဒါကတော့ မဖြစ်နိုင်တဲ့ တမ်းတချက် တစ်ခုပါပဲ။ လောလောဆယ်တော့ တစ်ယောက်တည်း ထီးဆောင်းရင်း ဟိုတွေး ဒီတွေး တွေးရတာလည်း ကောင်းပါတယ်လေ။

နေပြည်တော်မှာတော့ မိုးသိပ်မရွာဘူး ထင်ပါတယ်။ အစက Scholl ဖိနပ်ဝယ်မလို့.. ဒါပေမယ့် နေပြည်တော် မှာသာ အလုပ်ရသွားရင် သိပ်လိုမယ် မထင်ဘူး။ အင်တာဗျူးအောင်၊ မအောင်တော့ မသိဘူး... စိတ်ကတော့ နေပြည်တော် ရောက်နေပြီ။ ... အောင်ပါစေကွယ်။ ဒီတစ်ခါ အောင်လိုက်ရင်တော့ I know I will feel more confident in myself.

အခုတစ်လော နားထောင်ဖြစ်တဲ့ သီချင်း - Spring Waltz OST - One Love

No comments: