Jun 30, 2007

ဆောင်းအိပ်မက်

0 comments

V1 နေညိုချိန်လမ်းလေးပေါ် ရီဝေနေတဲ့အကြည့်တွေ
တို့အတွက်နောက်ဆုံး အလွမ်းလက်ဆောင်များလား
နီးစပ်ဖို့လည်းမလွယ်တော့ဘူး.. ဝေးသွားဖို့လည်း မခံနိုင်ဘူး
တွဲလက်ကလေးလွှတ်ကာသွားချိန်

V2 ကိုယ်စီစိတ်ကူးလေးတွေ လေဟာနယ်ထဲလွင့်ပြီ
အပိုင်းအစတွေပဲ တို့အတွက်ကျန်ခဲ့ပြီ
နီးစပ်ဖို့လည်း မလွယ်တော့ဘူး... ဝေးသွားဖို့လည်း မခံနိုင်ဘူး
တွဲလက်ကလေးလွှတ်ကာသွားချိန်

CHO: တို့နှစ်ယောက်နှုတ်ဆက်ချိန်လေးတွေ မြင်ယောင်နေမိတယ်
အတိတ်ကတို့အဖြစ်တွေလည်း အိပ်မက်လိုပဲ
အချစ်နဲ့ ပေးဆပ်ချင်လည်း...နင်ယူဆောင်မသွားနိုင်တော့
တို့ရဲ့အချစ်တွေ ဆောင်းအိပ်မက်လိုပဲ

V1, (CHORUS)

နီးစပ်ဖို့လည်း မလွယ်တော့ဘူး... ဝေးသွားဖို့လည်း မခံနိုင်ဘူး
တွဲလက်ကလေးလွှတ်ကာသွားချိန်

(တို့နှစ်ယောက်နှုတ်ဆက်ချိန်လေးတွေ မြင်ယောင်နေမိတယ်
အတိတ်ကတို့အဖြစ်တွေလည်း အိပ်မက်လိုပဲ
အချစ်နဲ့ ပေးဆပ်ချင်လည်း...နင်ယူဆောင်မသွားနိုင်တော့
တို့ရဲ့အချစ်တွေ ဆောင်းအိပ်မက်လိုပဲ)၂

နင် ယူဆောင်မသွားနိုင်တော့
တို့ရဲ့အချစ်တွေ ဆောင်းအိပ်မက်လိုပဲ

Jun 26, 2007

မိုးရွာထဲမှာ

0 comments

ဒီနေ့ ကိစ္စ တစ်ခု ရှိလို့ အပြင် သွားခဲ့ရ ပါတယ်။ ကိုယ် အပြင် ရောက်လို့ မကြာသေးခင် မှာပဲ မိုးက တစ်ဝုန်းဝုန်း ရွာချပါလေရော။ ထမီကလည်း ၀တ်ထားတာ နည်းနည်း ရှည်နေတော့ လမ်းလျှောက်ရတာ ခြေထောက် တုတ်တယ်... ပြီးတော့ ရေတွေလည်း ရွှဲကုန်ရော...

မိုးရွာတာ ရေပါတော့ တစ်ချို့ နေရာတွေမှာ ချက်ချင်း ရေလျှံကုန်ရော... စည်ပင်တွေ ကလည်း မိုးထဲမှာ မြောင်းဖော် နေကြလေရဲ့... ရွှေဘုံသာလမ်းထဲ ရောက်တော့ `အစ်မရေ.. ရွှေရောင်း မလို့လားတဲ့´ ဒါကတော့ အောက်ဘလောက် မှာပေါ့... လူတွေ ကတော့ ကြိတ်ကြိတ်တိုး နေတုန်းပဲ... အစကတော့ မသိဘူး... နောက်ကြမှ... သြော်.. ဒီနေရာက အမှန် ရွှေဘုံသာလမ်းကိုး လို့ တွေးမိတယ်... အလယ ်ဘလောက်နဲ့ အထက် ဘလောက်ကတော့ မျက်မှန်တန်းပေါ့... အဲ့ဒီလမ်းက ဖြတ်သွားတိုင်း.. `အစ်မ မျက်မှန်ကိုင်း ကြည့်မလား´ လို့ အမြဲ မေးခံရတယ်... ကိုယ်ကလည်း လေးလုံးသမားကိုး...

ဒီနေ့တော့ ဒီ ဘလော့ဂ်အတွက် font embedding လုပ်ဖြစ်တယ်.. အလုပ်လုပ်၊ မလုပ်တော့ မသိဘူး...

Jun 25, 2007

ချစ်စရာကောင်းတယ်နော်

0 comments

ဒီ ပုံလေးတွေ တွေ့မိလို့ blog လုပ်လိုက်တာပါ။ ချစ်စရာကောင်းတယ်နော်!















Jun 13, 2007

Job-Related

0 comments

ကျွန်မ အခုတစ်လော အရမ်း အလုပ်ရှုပ် နေခဲ့ပါတယ်။

ကျွန်မ နိုင်ငံခြားရေး ၀န်ကြီးဌာန မှာတော့ အင်တာဗျူး မအောင်ခဲ့ပါဘူး။ ဒါပေမယ့် ကျွန်မ အခု အလုပ် ရသွားပါပြီ။ ဒီအလုပ် ကတော့ မြန်မာပြည်မှာ အကြီးဆုံး ကုမ္မဏီတွေထဲမှာ ပါ၀င်တဲ့ ကုမ္မဏီ တစ်ခုမှာ Technical Staff / Project Officer အဖြစ် လုပ်ရမှာ ဖြစ်ပါတယ်။ ဒီအလုပ် ရတဲ့အတွက် ကျွန်မ အရမ်း ပျော်ပါတယ်။

မေလ ၃၀ မှာ ကျွန်မ အင်တာဗျူး မအောင်ကြောင်း သိခဲ့ရပါတယ်။ မေလ ၃၁ မှာ တစ်ခြား အလုပ် အတွက် အင်တာဗျူး ၀င်ခဲ့ပါတယ်။ ကျွန်မ ဇွန် ၁ မှာ အလုပ်စ ဆင်းပါတယ်။ အလုပ် ကတော့ ခင်ရာမင်ရာ ကြောင့် ရသွားတယ် ဆိုပါတော့။ ဒါပေမယ့် တော်ရုံ တန်ရုံ အလုပ်တော့ မဟုတ်ပါဘူး။ အင်္ဂလိပ်စာ အရမ်း ကောင်းရပါမယ်။ အဓိက ကတော့ ကျွန်မ အင်္ဂလိပ်စာ ကောင်းလို့ ဒီအလုပ် ရသွားတာပါ။

ကျွန်မရဲ့ dream job က ဒီလို ကုမ္မဏီမျိုးမှာ အလုပ် လုပ်ရဖို့ပဲဖြစ်ပါတယ်။ ကိုယ်ပိုင် desk၊ ကိုယ်ပိုင် ကွန်ပြူတာ၊ Internet-ready ၊ အဲယားကွန်း စိမ့်စိမ့်လေးနဲ့ high-rise building တစ်ခုမှာ အလုပ်လုပ် ရလို့ပ ဲဖြစ်ပါတယ်။ လခ ကလည်း သိပ်မဆိုးပါဘူး။

နောက်တစ်ခု ကတော့ ပင်တော့ ပင်ပန်းပေမယ့် ကျွန်မ ကလေးတွေကို စာ ဆက်သင် နေပါတယ်။ သူတို့ကို စာ အဆက်မပြတ်သွား စေချင်တာရယ်၊ သံယောဇဉ် ကြောင့်ရယ် နှစ်ခု ပေါင်းပြီး အလုပ်ဆင်း ပြီးတဲ့ အချိန် စာဆက်သင် ပေးနေပါတယ်။

-+-+-+-

ကျွန်မ အချစ်ဆိုတဲ့ အကြောင်း အရာကို အခု လုံးဝ ခေါင်းထဲက ထုတ်ပစ်ထား လိုက်ပါပြီ။ ကျွန်မ အလုပ်ပဲ ကြိုးစား လုပ်ရင်း ဘဝတိုးတက်ဖို့လမ်း ရှာသွားပါမယ်။ အချစ်ဆိုတာ ကျွန်မအတွက် အရေးကြီးဆုံးအရာ မဟုတ်တော့ပါဘူး။